Global Notification

List your novels here!

Apotheosis – Ascension to Godhood
Bookmark
6.4

Apotheosis – Ascension to Godhood

Read Apotheosis – Ascension to Godhood

သင်ဟာ ရှန်းရှဖတ်သူတစ်ယောက်လား.... သင့်ဆီတွင် ညီမတစ်ယောက်ရှိပြီး ထိုညီမအပေါ် အလွန်ချစ်တတ်သူလား..... ဒါဆိုရင်တော့ လုအိုကျန်း စာစဉ်ကို စဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ အပိုင်းအရမ်းများတဲ့ စာစဉ်တွေ ထုံးစံအတိုင်း အစပိုင်း နည်းနည်းလေးသလို ထင်ရပေမဲ့ တဖြည်းဖြည်းနဲ့ ဆက်တိုက်ဆွဲခေါ်ပေးသွားနိုင်တဲ့ စာစဉ်တစ်ခုလို့ ညွှန်းပါရစေ။ ဇာတ်အိမ်တည်ထားတဲ့ ကမ္ဘာရဲ့အချက်အလက် တော်တော်များများက ရှောင်ယန်နဲ့ ဆင်တယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ သူက တဆင့်ပိုမြင့်တဲ့ သဘောမျိုးပဲ။ ရှောင်ယန်က ဂျာမားနိုင်ငံတော်မှာ စတယ်။ လုအိုကျန်းက အရှေ့ပိုင်းနယ်မြေ မီးလျှံကောင်းကင်နိုင်ငံမှာ စတယ်။ ပြီးရင် အလယ်ကုန်းမြေကြီးကို ဆက်သွားတယ်ပေါ့ဗျာ။ ရှောင်ယန်က အလယ်ကုန်းမြေမှာ ပြီးသွားပေမဲ့ လုအိုကျန်းကတော့ တခြားကုန်းမြေတွေ ၊ တခြားကမ္ဘာတွေ ၊ အထက်ကမ္ဘာတွေနဲ့ စကြဝဠာအပြင်ဘက်ထိ ဇာတ်အိမ်တည်ထားပါတယ်။ ဒီတော့ စလိုက်ရအောင်....... ပထမဆုံး လုအိုမိသားစုရဲ့မြေတိုက်ခန်းလေးထဲကနေ စလာပါတယ်။ ဦးလေးဖြစ်သူ (၂)ယောက်ရဲ့ အကောက်ကြံမှုနဲ့ လုအိုကျန်းရဲ့အဖေက သေသွားခဲ့ရပြီး သူကိုယ်တိုင်ကတော့ အသားပစ်မှတ်လို့ခေါ်တဲ့ အစေခံတစ်ယောက် ဖြစ်ခဲ့ရတယ်။ အဲဒီနောက်မှာတော့ ဘဝကို စိတ်ကုန်ပြီး သူ့အဖေချန်ထားခဲ့တဲ့ စာအုပ်ကို moti ယူဖို့ ဖတ်ခဲ့တယ်ပေါ့။ ဒါပေမဲ့ သူ့အဖေရဲ့စာအုပ်ထဲမှာ ရေးထားတာတွေကို နားမလည်တဲ့အတွက် စာအုပ်ကို မီးရှို့ပစ်တော့တယ်။ အဲဒီလိုစာအုပ်ကို မီးရှို့လိုက်မိတာကနေ သူ့ဘဝအတွက် အကြီးမားဆုံး အပြောင်းအလဲကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်တော့ ခေါင်းထဲကို မီးဖိုကြီးတစ်ခု နဲ့ နဂါး(၉)ကောင် ရောက်လာခဲ့တယ်။ သူကိုယ်တိုင်ကလည်း လူစင်စစ်ကနေ လက်နက်တစ်ခု အသွင် ပြောင်းသွားခဲ့တယ်။ အဲဒီနောက် ကံကောင်းထောက်မလို့ လွတ်မြောက်သွားခဲ့ပြီး သူ့ညီမ ဖြစ်သူကို ကယ်ဖို့ ကြည်လင်ကောင်းကင်ဂိုဏ်းကို ရောက်လာခဲ့ရတယ်။ သူ့ညီမကို ကယ်တင်နိုင်ဖို့အတွက်နဲ့ ပြဿနာမျိုးစုံကို ရင်ဆိုင်ခဲ့ရပြီး သိုင်းပြိုင်ပွဲမှာ အဆင့်(၁) ဖြစ်လာခဲ့တဲ့အပြင် ဓားဝိညာဉ်တစ်ခုပါ ပိုင်ဆိုင်လာတယ်။ ဒါပေမဲ့လည်း သူ့ညီမကို မကယ်နိုင်ခဲ့ပါဘူး။ သူ့ညီမကို ဖမ်းထားတဲ့ သန့်စင်တောင်တန်းကနေ ခဏသာ ထုတ်ပေးနိုင်ခဲ့ပြီး သူ့အဖေအတွက် လက်စားချေနိုင်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကွေရှဲ့လို့ခေါ်တဲ့ ပညာရှင်က သူ့ညီမရဲ့ အပျိုစင်ဘဝကို အပိုင်သိမ်းပြီး နတ်ဆိုးပျော်ရွှင်ခြင်းဝင်္ကပါဖန်တီးချင်တဲ့အတွက် သူ့ညီမကို ဖမ်းခေါ်သွားခဲ့ပြန်တယ်။ လုအိုကျန်းကိုယ်တိုင်ကတော့ တိမ်နန်းတော်ကို ရောက်လာခဲ့ပြီး သူ့ရဲ့တာအိုလမ်းကြောင်းကို ဆက်လက်လျှောက်လမ်းခဲ့တယ်။ လုအိုကျန်းက သူ့ညီမကို ကွေရှဲ့ရဲ့လက်ထဲကနေ ကယ်တင်နိုင်မှာလား....... ပြီးတော့ ဘယ်လိုလျှို့ဝှက်ချက်တွေ ဆက်ပြီး ရှိလာနိုင်မလဲ..... နဂါး(၉)ကောင်ကရော ဘယ်လိုနောက်ကြောင်း ရှိနေမလဲ... ဓားဝိညာဉ်ကရော ဘယ်လိုနောက်ကြောင်းမျိုးလဲ... အခက်အခဲတွေကို ဘယ်လိုမျိုး အောင်မြင်အောင် ကျော်ဖြတ်မလဲ ဆိုတာတွေက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Read Apotheosis – Ascension to Godhood on MMwebnovel.

Read Apotheosis – Ascension to Godhood

Recommendation

Comment

Show Comments