Global Notification

List your novels here!

သွေးမျိုးဆက်ရဲ့ခေါ်ဆောင်ရာ
Bookmark
8.0

သွေးမျိုးဆက်ရဲ့ခေါ်ဆောင်ရာ

Read သွေးမျိုးဆက်ရဲ့ခေါ်ဆောင်ရာ

Read သွေးမျိုးဆက်ရဲ့ခေါ်ဆောင်ရာ on MMwebnovel.

Read သွေးမျိုးဆက်ရဲ့ခေါ်ဆောင်ရာ

ခရစ်သက္ကရာဇ် ၂၀၂၂ခုနှစ် ...။ ကမ္ဘာပေါ်က လူသားတွေရဲ့ ယဥ်ကျေးမှုအဆင့်အတန်းက သိပ်ကို မြင့်မားနေပြီလို့ ထင်ပါသလား...? ခေတ်မီမိုးပျံတိုက်ကြီးတွေ ၊ အသံထက်မြန်တဲ့ ဂျက်လေယာဥ်တွေ ၊ တစ်နာရီ မိုင်သုံးရာ့ခုနှစ်ဆယ်ကျော် မြန်ဆန်တဲ့ ကျည်ဆန်ရထားတွေ ဒါမှမဟုတ် အသံထက် ၅ဆမှ ၂၇ဆအထိမြန်ဆန်တဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်တွေ ... ။ ဒါတွေအပေါ်မူတည်ပြီး လူသားမျိုးနွယ်နဲ့ သိပ္ပံပညာဟာ အရှိန်အဟုန်နဲ့ ဖွံဖြိုးတိုးတက်နေတယ် ဆိုတာ ဘယ်သူမှ မငြင်းပယ်နိုင်ပါဘူး ။ ဒါပေမယ့် အခုလိုတိုးတက်နေတဲ့ လူသားမျိုးနွယ်ဆိုတာ အတော်လေး ခေတ်နောက်ကျနေဆဲပဲလို့ သင့်ကို တစ်ယောက်ယောက်က ပြောလာရင် ယုံကြည်နိုင်ပါ့မလား ...။ ကမ္ဘာမြေပေါ်က လူသားမျိုးနွယ်ဆိုတာ သိပ်ကိုနိမ့်ကျသွားတဲ့ မျိုးနွယ်စုတစ်ခုအဖြစ် အလွယ်တကူလက်ခံလိုက်ဖို့က ကမ္ဘာမြေမှာမွေးဖွားတဲ့ လူသားတစ်ဦးအနေနဲ့ ခက်ခဲပါတယ်။ဒါပေမယ့် အမှန်တရားကတော့ ပြောင်းလဲမသွားခဲ့ပါဘူး...။ ကမ္ဘာမြေပေါ်က လူသားမျိုးနွယ်ဆိုတာ စကြဝဠာကြီးရဲ့ အတွင်းပိုင်းခပ်ကျကျမှာရှိနေတဲ့ စွမ်းအင်အရင်းအမြစ်အကြွယ်ဝဆုံး ကြယ်နယ်မြေကြီးတွေရဲ့ပိုင်ရှင် အဆင့်မြင့်လူသားမျိုးနွယ်ကနေ ဆင်းသက်လာခဲ့တာပါ ။ သာမန်လူငယ်ဘဝနဲ့ အေးအေးဆေးဆေးနေထိုင်နေတဲ့ ကျန်းချန်တစ်ယောက် မမျှော်လင့်ဘဲ အဆင့်မြင့်လူသားမျိုးနွယ်အကြောင်းနဲ့ ကမ္ဘာမြေကြီးရဲ့ လျှို့ဝှက်ချက်တွေကို သိရှိသွားတဲ့အခါ ... သူဘယ်လိုပြောင်းလဲသွားမှာလဲ ...? ။ ဘာမြူဒါတြိဂံဒေသလို မှော်ဆန်ဆန်နေရာတွေ ၊ နီဗားဒါးတြိဂံနဲ့ ဂျပန်က နဂါးတြိဂံလို ထူးထူးဆန်းဆန်းနေရာတွေက တကယ်ပဲ အဆင့်မြင့်လူသားမျိုးနွယ်တွေနဲ့ ပတ်သက်နေခဲ့တာလား ... ? ။ စကြဝဠာကြီးရဲ့ ပင်မစွမ်းအင်ဖြစ်တဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို လူသားတွေ အာရုံခံစားလို့မရတော့အောင် ဘယ်သူတွေက ပြုလုပ်ခဲ့ကြတာလဲ ...? ။လူသားမျိုးနွယ်ရဲ့ အစွမ်းထက် သွေးမျိုးဆက်တွေ ထုတ်ယူ ဖျက်ဆီးခံလိုက်ရတာက ဘယ်လိုပြစ်မှုမျိုးတွေကို ကျူးလွန်ခဲ့ကြလို့များလဲ ... ? တကယ်လို့များ သွေးမျိုးဆက်ထဲမှာ သိုဝှက်ပြီးရှိနေတဲ့ မျိုးဆက်မှတ်ဥာဏ်တွေ နိုးထလာခဲ့ရင် အားနည်းလွန်းတဲ့ လူသားခန္ဓာကိုယ်ကို စွမ်းအင်တွေနဲ့ သန့်စင်ပြောင်းလဲလိုက်ပြီး မသေမျိုးတွေလို နှစ်ထောင်သောင်းချီအောင် အသက်ရှင်သန်နိုင်မှာလား ... ? ။ ကမ္ဘာပေါ်မှာ တိတ်တဆိတ် ပုန်းကွယ်နေတဲ့ စွမ်းအားရှင်တွေ ဒါမှမဟုတ် ကျင့်ကြံသူတွေက ခေတ်အဆက်ဆက် တကယ်တည်ရှိနေခဲ့ကြတာလား ... ? ။ စွမ်းအင်မကျင့်ကြံနိုင်ဘဲ နိမ့်ကျနေတဲ့ ကမ္ဘာမြေကလူသားမျိုးနွယ်ရဲ့ ကံကြမ္မာက ဘယ်လိုအကြီးအကျယ်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်မလဲ ... ?။ ရုတ်တရက် ကျန်းချန်တစ်ယောက် အစွမ်းထက်တဲ့ အဆင့်မြင့်မျိုးနွယ်စုတွေဆီ ခေါ်ဆောင်သွားတာခံလိုက်ရချိန်မှာ သူရဲ့ဘဝကရော ဘယ်လိုတစ်ဆစ်ချိုး ပြောင်းလဲသွားမှာလဲ ... ?။ ကျန်းချန်က သူချစ်ရတဲ့ မိန်းကလေးတွေနဲ့ရော ပြန်လည်ရေစက်ဆုံနိုင်ပါ့မလား ... ဒါမှမဟုတ် ကျန်းချန်ရဲ့ ဖူးစားဖက်က အခြားစကြဝဠာမှာရှိနေတဲ့ ကျင့်ကြံသူမိန်းမချောလေးတွေထဲကပဲ ဖြစ်မလား ...? အစွမ်းထက်လာအောင် ကျင့်ကြံဖို့ ပျင်းရိလွန်းတဲ့ ကျန်းချန်တစ်ယောက် စွမ်းအင်ကျင့်ကြံသူ မျိုးနွယ်စုတွေရဲ့ လူနေမှုဘဝပုံစံကို အသုံးချပြီး ဘယ်လိုကိုယ်ကျိုးစီးပွားရှာဖွေမလဲ ။ကျင့်ကြံသူတွေရဲ့ နယ်မြေကြီးထဲမှာ သူစိတ်ကူးထားတဲ့ စီးပွားရေးအင်ပါယာကြီးတစ်ခု ထူထောင်နိုင်ဖို့ ကျန်းချန်ရဲ့ ကြိုးစားမှုတွေက တကယ်အရာထင်နိုင်ပါ့မလား ...။ ငွေက ဒုတိယဘုရားသခင် ဆိုတဲ့ ကမ္ဘာမြေကဆိုရိုးစကားလို ကျင့်ကြံသူတွေရဲ့ လောကမှာရော အရင်းမြစ်တွေ ပေးကမ်းနိုင်ရင် ကြိုက်ရာလုပ်လို့ ရပါ့မလား ...? ကျင့်ကြံသူမိန်းမလှလေးတွေကို မိတ်ကပ်ရောင်းမယ့် ကျန်းချန် ...၊ ဇူဇူကို အားကျပြီး ကျင့်ကြံခြင်းလောကမှာ Facebook လို App အစီအရင်ကြီး တည်ဆောက်ပြီး ငွေရှာဖို့တွေးတဲ့ ကျန်းချန် ...၊ မျိုးနွယ်စုတွေရဲ့ ဆက်ခံသူအလှပဂေးလေးတွေကြား ကျန်းချန်ရဲ့ စန်းပွင့်လွန်းတဲ့ အခြေအနေကရော သူ့ရဲ့ သွေးမျိုးဆက်နဲ့ ဘယ်လိုသက်ဆိုင်နေမှာလဲ ... ? ။ ကျယ်ပြန့်လွန်းတဲ့ စကြဝဠာကြီးထဲမှာ မျိုးနွယ်စုချင်း ကြယ်နယ်မြေလုတဲ့ စစ်ပွဲတွေ ၊ အနန္တဖြစ်တည်မှုရဲ့ အလွန်ကို သဲလွန်စရှာဖွေဖို့ မဟာတွင်းနက်ကြီးထဲက ကျူးကျော်လာမယ့် အခြားလောကသားတွေ ၊ ပြီးပြည့်စုံတဲ့ သွေးမျိုးဆက်ရဲ့ လွမ်းမိုးနိုင်စွမ်းနဲ့ ကျန်းချန်ရဲ့ ရွေးချယ်ခံကံကြမ္မာက ကမ္ဘာမြေကိုသာမက စကြဝဠာတစ်ခုလုံးရဲ့ ဖြစ်တည်မှုတွေဆီကို ဘယ်လိုကွင်းဆက်သက်ရောက်မှုတွေ ယူဆောင်လာမလဲဆိုတာကိုတော့ စာစဥ်လေးကို ကိုယ်တိုင်ဖတ်ရှုပြီးပဲ ရှာဖွေကြည့်လိုက်ပါဗျာ ။ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့ရမယ့် စာစဥ်လေးတစ်ခုဖြစ်တာကြောင့် စာဖတ်သူမိတ်ဆွေတွေလည်း သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Chapter 290 (Ongoing)
Type ကိုယ်တိုင်ရေး
Contact Info Telegram
Novel link Read here

Recommendation

Comment

Show Comments