Global Notification

List your novels here!

Dragon King’s Son-In-Law
Bookmark
7.0

Dragon King’s Son-In-Law

Read Dragon King’s Son-In-Law

စာစဉ်လေးကို ညွှန်းရမယ်ဆိုရင် ဟောင်ရန်ဆိုတာ နာမည်ကျော်သိပ္ပံပညာရှင် ဇနီးမောင်နှံရဲ့ တစ်ဦးတည်းသော သားဖြစ်ပေမယ့် သူက ဘဝကို သာမန် တက္ကသိုလ်ကျောင်းသားအနေနဲ့ ဖြတ်သန်းနေခဲ့ပါတယ်။ တနေ့တော့ ကောင်းကင်အမြင့်ကနေ ပြုတ်လာတဲ့ မိန်းကလေးတစ်ယောက်ကို ဆီးဖမ်းလိုက်ရင်း သကြားလုံးအရွယ် အလုံးလေးတစ်လုံးကို မြိုချမိလိုက်ရာကစပြီး သူ့ရဲ့ ဘဝအချိုးအကွေ့က ပြောင်းလဲသွားပါတော့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ စစ်ပွဲကြီးကြောင့် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေက နယ်မြေမရောယှက်စေရန် ဘုံကိုးဘုံနဲ့ နယ်မြေများစွာကို ပိုင်းခြားလိုက်ပါတယ်။ လက်ရှိကမ္ဘာကြီးကတော့ ပထမမြောက်ကောင်းကင်ဘုံဖြစ်ပြီး ဒဏ္ဍာရီလာ နဂါးတွေ ကြီးစိုးပါတယ်။ သူတိုတွေက သာမန်လူတွေနဲ့ အတူယှဉ်တွဲနေထိုင်ကြပါတယ်။ အဲ့ဒီနဂါးတွေကို ဓါတ်ငါးပါးခွဲခြားထားပြီး ဟောင်ရန် မြိုချလိုက်တဲ့ အလုံးလေးက အရှေ့ပင်လယ်နဂါးဘုရင်၏ သမီးတော် ချောင်ယန်ဆွတ်ရဲ့ နဂါးအမြုတေ ဖြစ်တဲ့အတွက် သူက ရွေးချယ်စရာ မရှိတော့ပဲ နဂါးဘုရင်ရဲ့ သမက်ဖြစ်လာခဲ့ပါတယ်။ နဂါးတွေရဲ့ လောကမှာ စိတ်ဝိဉာဉ်သိပ်သည်းခြင်းကျမ်းကို အောင်မြင်ပြီးနောက် ခန်၊ လီ၊ ကျန်း၊ ဂျန်၊ သွိင်၊ ရွှန်း၊ ခွန်နဲ့ ချင်းဆိုပြီး အဆင့် ရှစ်ဆင့်ရှိပြီး အဆင့်တစ်ဆင့်ဆီကို အနိမ့်ပိုင်း၊ အလယ်အလတ်ပိုင်း၊ ထိပ်ပိုင်းနဲ့ အထွတ်အထိပ်ဆိုပြီး လေးဆင့် ထပ်ခွဲထားပါတယ်။ အဲ့ဒီထက်မြင့်လာခဲ့ရင် ကောင်းကင်ဘုံနဂါးအဆင့်ဆိုပြီး ရှိပါသေးတယ်။ ကောင်းကင်ဘုံနဂါးအဆင့်ကိုလည်း ပွင့်ချပ်လေးခုကနေ ကိုးခုအထိ အဆင့်တွေ ခွဲထားပါတယ်။ အဲ့ဒီလိုပဲ လူသားကျင့်စဉ်ကျင့်သူတွေလည်း ပါဝင်ပြီး သူတိုရဲ့ အဆ့င်တွေကတော့ ချီသန့်စင်စင်ခြင်းအဆင့်၊ အခြေခံတည်ထောင်ခြင်းအဆင့် ၊ အမြုတေဖွဲစည်းခြင်းအဆင့်၊ ဝိဉာဉ်သန္ဓေတည်ခြင်းအဆင့်နဲ့ ဝိဉာဉ်ဖွဲစည်းခြင်းအဆင့်ဆိုပြီး ငါးဆင့် ရှိပါတယ်။ အစွမ်းထက်လာဖို ကြိုးစားနေတဲ့ ဟောင်ရန်ဟာ နဂါးမလေးချောင်ယန်ဆွတ်မှ တဆင့် အရှေ့ပင်လယ်နဂါးတွေရဲ့ အကြီးအကဲ စစ်ဦးစီးချုပ် တယောက်ဖြစ်လာခဲ့ပါတယ်။ အရှေ့အနောက်တောင်မြောက် ဒေသကြီး လေးခုမှာ ရှိသည့် နဂါးအဖွဲအစည်းတွေကြားမှာ စစ်ဦးစီးချုပ်ဟောင်ရန်ရဲ့ ကွပ်ကဲမူ့တွေနှင့်အတူ စွန့်စားခန်းတွေပါ တွေ့မြင်ရမှာပါ။ နဂါးစစ်ဆေးရေးမှူးဖြစ်တဲ့ ဆရာမ ဆုဟန်၊ သူ့အား အလိုလိုက်အကြိုက်ဆောင်တဲ့ ကျင့်ကြံသူ လုညီမနှစ်ဦး ၊ တက္ကသိုလ်က လူသားကျင့်ကြံသူမလေး ရှဲယုဂျား ၊နဂါးမလေးချောင်ယန်ဆွတ်တိုကြားက ဟောင်ရန်၏ အချစ်ရေးကရော ဘာဖြစ်မလဲ။ စာဖတ်သူကိုယ်စီ ဖန်ကိုယ်စီ ရင်မှာ မိန်းမလေးတွေကြားက ဟောင်ရန်၏ အချစ်ရေးရာ လှုပ်ရှားမူ့တွေကိုလည်း နောက်ဆုံးအချိန်ထိ စောင့်မျှော်နေရမှာပါ။ ကောင်းကင်ဘုံကိုးဆင့်ကို မိန်းမလှလေးတွေနဲ့ ခရီးထွက်မည့် ဟောင်ရန်၏ နောက်ဆုံးအဆုံးသတ်က ဘာဖြစ်မလည်း။ မိန်းမလှလေးတွေကြားက ဟောင်ရန်၏ နောက်ဆုံးရွေးချယ်မူ့က ဘယ်သူဖြစ်မလည်း။ သေချာတာကတော့ ဒီစာစဉ်လေးက တရုတ်ပြည်ရဲ့ ကျော်ကြားတဲ့ SOUL LAND လေးခုထဲက တခုဖြစ်တာမလို ဇာတ်အိမ်ခိုင်ခိုင်နဲ့ တပိုင်းခြင်း ဆွဲဆောင်မူ့ပြည့်ဝစွာနဲ့ ဖတ်ရမှာပါ။ အာမခံနိုင်တာက ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ကို အချစ်ရေး လူငယ်သဘာဝနဲ့မလို စိတ်ကူးယဉ်ဝတ္ထုကောင်းတပုဒ်ဖြစ်ကြောင်းပါ။ နောင်ရေးလည်းတွေးပူစရာမလိုပါဘူး happy end မလို စာဖတ်သူတွေကို အဆုံးသတ်က ပျော်စရာတွေ အပြည့်အဝပေးမှာပါ။

Read Dragon King’s Son-In-Law on MMwebnovel.

Read Dragon King’s Son-In-Law

Recommendation

Comment

Show Comments