Global Notification

List your novels here!

Godly Stay-Home Dad
Bookmark
8.2

Godly Stay-Home Dad

Read Godly Stay-Home Dad

ကျန်းဟန်... သူသည်ကား.... မိဘ‌‌များအသတ်ခံခဲ့ရပြီး မိသားစုမှထုတ်ပယ်ခံခဲ့ရသည့် ကမ္ဘာ‌မြေပေါ်က လူငယ်တစ်ယောက်... မိသားစုမှ ထုတ်ပယ်ခံရသည့်အပြင် ကားမတော်တဆမှုကြောင့် ‌ဒုက္ခိတဘဝကို ရောက်ရှိခဲ့ပြီး ဘဝကို အရှုံးပေးကာ ချောက်ကမ်းပါးပေါ်မှ ခုန်ချ၍ မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့သည်။ သို့သော် မတော်တဆဖြင့် စွမ်းအင်ကျင့်ကြံသည့် အင်မော်တယ်မသေမျိုးလောကသို့ ရောက်ရှိသွားခဲ့သည်။ ကျင့်ကြံခြင်းလောကတွင် ‌ရတနာအမျိုးမျိုးကို အသုံးပြုကာ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ထိ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်ခဲ့၏။ သို့သော် ကပ်ဘေးဒုက္ခအဆင့် ချိုးဖျက်စဉ်တွင် ဒဏ္ဍာရီထဲ၌သာ ရှိခဲ့ဖူးသည့် နဝမ‌‌မြောက် ကောင်းကင်နတ်ဘုရားမိုးကြိုး ကျရောက်လာခဲ့ပြီး အဆင့်ချိုးဖျက်ခြင်း ကျရှုံးခဲ့လေသည်။ ကံအားလျော်စွာပင် သူ၏ စိတ်ဝိဉာဉ်မှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ကမ္ဘာမြေပေါ်မှ သူ၏အတိတ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သို့သော် သူ၏အတိတ် ဘဝဖြစ်စဉ်နှင့် ကွဲပြားခြားနားသွားခဲ့သည်က သူ့တွင် အလွန်ချစ်စရာကောင်းသည့် သမီးငယ်လေးရှိနေခြင်းပင်။ ဤသို့ဖြင့် ကျန်းဟန်သည် သူ၏မြို့ပြလူနေမှုဘဝတွင် သမီးငယ်လေးအား ပြုစုပျိုးထောင်ရင်း သူနှင့်လက်ထပ်ထားခြင်းမရှိ‌သေးသည့် သမီးငယ်လေး၏မေမေ နှင့် ချိုမြိန်သည့်အချစ်ဇာတ်လမ်းလေးတစ်ခု စတင်ခဲ့လေသည်။ *********************** သူ၏အတိတ်တွင် ပြန်လည်မွေးဖွားလာခြင်းက တကယ်ပဲ မတော်တဆမှုလေလား... ယခင်ဘဝဖြစ်စဉ်နှင့်မတူတော့ဘဲ ယခုဘဝ၌ သမီးငယ်လေးတစ်ယောက် ရှိနေခဲ့ခြင်းကရော တိုက်ဆိုင်မှုလေလား... သမီးငယ်လေး၏မေမေနှင့် အချစ်ဇာတ်လမ်းကရော ဘယ်လိုရှိမလဲ... ဆိုတာကတော့ ဇာတ်လမ်းလေးကို အတူ လိုက်ပါခံစားဖတ်ရှုကြည့်လိုက်ကြပါ... ----------------------

Read Godly Stay-Home Dad on MMwebnovel.

Read Godly Stay-Home Dad

Recommendation

Comment

Show Comments