Global Notification

List your novels here!

History’s Number 1 Founder
Bookmark
8.2

History’s Number 1 Founder

Read History’s Number 1 Founder

ဒီဝထ္ထုရဲ့ မူရင်းစာရေးဆရာဟာ August Eagle, Ba Yue Fei Ying, 八月飞鹰, ဖြစ်ပြီးတော့… မူရင်းနာမည်ဟာ History's Number 1 Founder ဖြစ်ပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်သူကတော့ Sparrow ဖြစ်ပြီး မြန်မာဘာသာပြန် စာရေးဆရာကတော့ ကျွန်တော် မာစတာ ရှီးဖော်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကို ကျွန်တော်တိုရဲ့ နေထိုင်ရာ ကမ္ဘာကြီးက လူလည် တစ်ယောက်ဖြစ်တဲ့ လင်းဖုန်းဆိုတဲ့ လူတစ်ယောက်ဟာ မူလ ကောင်းကင်ကမ္ဘာဆိုတဲ့ ကျင့်ကြံမှုကမ္ဘာတစ်ခုကို အချိန်ခရီးသွားခဲ့တဲ့ အကြောင်းနဲ့ အစပြုထားခဲ့ပါတယ်။ လင်းဖုန်းဟာ စနစ်ကြီးတစ်ခုကို ရရှိခဲ့ပြီး အဲ့ဒီစနစ်ကြီးရဲ့ တာဝန်ပေးချက်အရ ဒီမူလကောင်းကင်ကမ္ဘာရဲ့ သမိုင်းဝင် နံပါတ်တစ်ဂိုဏ်းကို ထူထောင်ရမှာဖြစ်ပြီး သူကလဲ သမိုင်းဝင် နံပါတ် ၁ ဂန္တဝင် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာရမှာပါ။ ကျင့်ကြံမှုအကြောင်းကို နကန်းတစ်လုံးမှ မသိသေးတဲ့ လင်းဖုန်းတစ်ယောက်ဟာ စနစ်တစ်ခုကို အရင်းပြုပြီးတော့ တခြားဝတ္ထုတွေထဲက မင်းသားတွေကို တပည့်အဖြစ် ဂျင်းလိုက်ထည့်ရပါတော့တယ်။ ကျင့်ကြံမှုအဆင့် အောက်ခြေက လင်းဖုန်းလေးဟာ စနစ်ကြီးရဲ့ အကူအညီနဲ့ အောက်ခြေကနေ အဆင့်ဆင့် ဂန္တဝင်ဂိုဏ်းချုပ်ကြီးအဖြစ် တက်လှမ်းသွားပုံတွေကို ဟာသဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးပဲ ဖတ်ရှုသွားရမှာပါ။ အစပိုင်းမှာက ဇာတ်လမ်းအနည်းငယ် အေးပေမယ့်… တဖြည်းဖြည်းနဲ့မှ ဇာတ်ရှိန်တက်လာတဲ့ ဝတ္ထုအမျိုးအစားထဲမှာ ပါပါတယ်။ တပည့် နှစ်ယောက် သုံးယောက်လောက် ရပြီးမှ ဇာတ်ရှိန်မြင့်လာမှပါ။ မင်းသားကလဲ အမတန်မှ ဖျံကျလှပြီး… နေဝန်းကဲ့သို နွေးထွေးတဲ့ အပြုံးလေးနဲ့အတူ တစ်ယောက်ပြီးတစ်ယောက် ဆေးလိုက်ထိုးဖို ကြိုးစားနေတာပါ။ ဓားသိုင်းဂိုဏ်းတွေ.. တာအိုဂိုဏ်းတွေ.. ဗုဒ္ဓဂိုဏ်းတွေ.. မိစ္ဆာဂိုဏ်းတွေ.. ဒဏ္ဍာရီလာ ရှေးဟောင်းသားရဲကြီးများ စတာတွေကို စုံစိနေအောင် ဟာသဆန်ဆန်နဲ့ အပိုင်း ၁၄၀၀ကျော်တိုင်တိုင် တစ်ဝကြီး ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်နံပါတ်တစ်ဂိုဏ်း ဖြစ်လာရမယ်။ လင်းဖုန်းကလဲ အဲ့ဒီဂိုဏ်းရဲ့ သမိုင်းဝင်ဂန္တဝင်ဂိုဏ်းချုပ် ဖြစ်လာရမယ်လေ။ ဒီလိုမျိုး သမိုင်းဝင်ဂန္တဝင်ဂိုဏ်းချုပ် တစ်ယောက်ဖြစ်လာအောင် လင်းဖုန်းဟာ အပြင်းအထန်ပဲ ကြိုးစားရပါတော့တယ်။ "မင်းရဲ့နာမည်က ရှီဟောင်လား? မင်းလေးဟာ ဘုရင့်အနွယ်ဝင်ဖြစ်ပေမယ့် ဝမ်းကွဲညီအကိုရဲ့ အနိုင်ကျင့်တာကို ခံလိုက်ရတယ်။ အခုတော့ မင်းအဖေ ထားထားတဲ့ ရွာငယ်လေးမှာ နေနေရပြီ။ လာ လာ လာ လာ..ဆရာသခင်နားလာခဲ့… တရားခံတွေဆီမှာ တရားမျှတမှုကို ပြန်တောင်းရမယ်။ "မင်းရဲ့နာမည်က ရှောင်ယန်လား?" အတိတ်က ပါရမီရှင်လေးတစ်ယောက်… အခုတော့ အရှုးသမားလေး ဖြစ်နေရပြီ။ မင်းရဲ့ ဇနီးလောင်းကတောင် ‌စေ့စပ်ပွဲကို လာဖျက်သိမ်းပြီး အရှက်ခွဲသွားတယ်။ လာ လာ လာ လာ..ဆရာသခင်နားလာခဲ့… မြေနိမ့်ရာမှာ လှံစိုက်လို မရဘူးဆိုတာကို ဒီကောင်မလေးသိအောင် ကောင်းကောင်းပညာပေးရမယ်။ "မင်းရဲ့နာမည်က ဇူရီလား?" မင်းအဖေအမတ်ရဲ့ဖိနှိပ်ခြင်းကို ခံနေရတဲ့ ပြဿနာကောင် ကလေးလေး… မင်းအမေကလဲ သူတော်စင်ဖြစ်ပေမယ့် အသတ်ခံလိုက်ရတယ်။ လာ လာ လာ လာ.. ဆရာသခင်နားလာခဲ့… လက်ရုံးရည်ထက် နှလုံးရည်က သာတယ်ဆိုတာ မင်းအဖေသိအောင် ပြောပြရမယ်။

Read History’s Number 1 Founder on MMwebnovel.

Read History’s Number 1 Founder

Recommendation

Comment

Show Comments