Global Notification

List your novels here!

My Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion
Bookmark
8.4

My Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion

Read My Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion

ပျက်သုန်းနေသည့်တစပြင်လောကကြီးတွင် နတ်ဘုရားများနှင့်နတ်မိစ္ဆာများက နေရာတိုင်းတွင် ရှိနေကြသည်။ ကျန်းလန်တစ်ယောက် နောက်ဆုံးတော့ ခွန်လွန်တောင်မှ တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ အထူးသဖြင့်… နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့် ဖြစ်လာသည်။ ကျန်းလန်က ပြင်ပလောကမှ အန္တရယ်များကို သိရှိသူဖြစ်သောကြောင့် နဝမတောင်ထွတ်ရှိ မရဏဂူထဲတွင် ပုန်းအောင်းနေပြီး တစ်ယောက်တည်းကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ လူတိုင်းမသိရှိနိုင်သော… မှတ်ပုံတင်သည့်စနစ် (sign-in system) ကြောင့် ကျန်းလန်တစ်ယောက် များစွာသော နတ်ဘုရားတန်ခိုးစွမ်းအားများ ၊ မှော်ဝင်ပစ္စည်းများနှင့် သူ၏ ကျင့်စဉ်လမ်းတစ်လျှောက် အထောက်အပံ့ဖြစ်စေမည့် အကူအညီများစွာကို ရရှိသွားတော့သည်။ သို့သော်… သူ့ရည်မှန်းချက်က သူကျင့်ကြံအောင်မြင်ထားသည့် ကျင့်ကြံခြင်းအဆင့်ကို လျှို့ဝှက်ထားရန် ဖြစ်သည်။ မည်သည့်အတားအဆီးကိုမဆို ကျော်ဖြတ်နိုင်သော စွမ်းအားနှင့်ပြည့်စုံသည့်အချိန်ထိ အန္တရယ်များကို ရှောင်တိမ်းပြီး ခွန်လွန်တောင်မှ တပည့်များကြား သိုသိုသိပ်သိပ်နေထိုင်ရန် ကျန်းလန် စဉ်းစားထားသည်။ အချိန်အတန်ကြာပြီးနောက် … ကျန်းလန် ကျင့်ကြံပြီး ပြန်ထွက်လာသည့်အချိန်တွင် သူ့ဆရာက သူ့ကို အရေးကြီးသည့် သတင်းတစ်ခုနှင့်အတူ စောင့်ဆိုင်းနေခဲ့လေသည်။ ထိုသတင်းက… ခွန်လွန်တောင်တွင်… သူ့အတွက် ချစ်သူတစ်ယောက် ရှာတွေ့ထားပြီ… ဟူ၍…။

Read My Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion on MMwebnovel.

Read My Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion

Recommendation

Comment

Show Comments