Global Notification

List your novels here!

Renegade Immortal
Bookmark
8.2

Renegade Immortal

Read Renegade Immortal

" အခု စာစဉ်လေးတစ်ခုအကြောင်း နည်းနည်းပါးပါး ပြောပြပါမယ်။ ဒီစာစဉ်က အသစ်တော့မဟုတ်ဘူး။ သိတဲ့လူတွေတော့ သိကြပါတယ်။ စာစဉ်နာမည်က နှောင်ဖွဲ့ကင်းခြင်းတန်ခိုးရှင်ပါ။ မင်းသားကတော့ ဝမ်လင်းပေါ့။ ဒီစာစဉ်ထဲမှာ မင်းသားက သာမန်ရွာလေးတစ်ရွာရဲ့ လက်သမားမိသားစုက ဉာဏ်နည်းနည်းကောင်းတဲ့ ကောင်လေးတစ်ယောက်။ သူက သူ့မိဘတွေကို အရမ်းချစ်တယ်။ တနေ့သူ့ရဲ့ ဦးလေးတစ်ယောက်ကြောင့် သူက တန်ခိုးရှင်ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖို့ ဖြစ်လာခဲ့တယ်။ သူ့မိဘတွေကလည်း သူ့သားကို အင်မောတယ်တစ်ယောက်ဖြစ်ချင်ကြတယ်။ ဒီတော့ သူလည်း တန်ခိုးရှင်ဂိုဏ်းထဲ ဝင်မယ်ပေါ့။ ဒါပေမဲ့ သူက ကျင့်ကြံခြင်းမှာ ဘာပါရမီမှ မပါလာခဲ့ဘူး။အဲ့တော့ ဂိုဏ်းကနေ နှင်ထုတ်ခံရတယ်။ အိမ်ကိုပြန်ရောက်လာတယ်။ ဒီတော့ ထုံးစံအတိုင်း ကျန်တဲ့ သူ့မိသားစုဝင်တွေက နှိမ်ကျတာပေါ့။ သူမိဘတွေကလည်း စိတ်တွေဆင်းရဲကြရတယ်။ ဒီတော့ သူက မခံနိုင်တော့ အင်မောတယ်ဂိုဏ်းကိုမရရအောင် ဝင်မယ်ဆိုပီးအိမ်က ထွက်သွားတယ်။နောက်ဆုံးတော့ သူ့ဦးလေး(၄)ရဲ့ အကြံအဖန်တချို့ကြောင့် သူက ဂိုဏ်းထဲဝင်နိုင်ခဲ့တယ်။ဒါပေမဲ့ အောက်ချေကပဲ။ သူ့မှာ ဘာပါရမီမှ မပါခဲ့တော့ သူက ကျင့်ကြံလို့လည်း အဆင်မပြေခဲ့ဘူး။ကံကောင်းတာ တစ်ခုက သူက ကောင်းကင်ဘုံဆန်ကျင်ခြင်း ပုတီးစေ့ ဆိုတဲ့ ရတနာတစ်ခုရခဲ့တယ်။ ဒီရတနာကြောင့်ပဲ သူက ကျင့်ကြံခြင်းလမ်းကို ဆက်လျောက်နိုင်ခဲ့တယ်။ ဒါပေမဲ့သူက အင်မောတယ်လမ်းကြောင်းကို လျောက်ရင် အရမ်းကြမ်းတမ်းတာ၊လူ့အသက်တွေကိုလည်း တန်ဖိုးတစက်မှမထားတာတွေကို သိခဲ့တယ်။ သူနဲ့လည်း ကျင့်ကြံခြင်းလမ်းကြောင်းက မအပ်စပ်ခဲ့ဘူး။ ဒါပေမဲ့ တနေ့မှာ သူ့ကို သတ်ဖို့ကြိုးစားခဲ့တဲ့ လူတစ်ယောက်ကို သူက ပြန်သတ်လိုက်တယ်။ အဲ့အချိန်ကစပြီး သူတို့မိသားစုတစ်ခုလုံးက ကပ်ဘေးတစ်ခုကျခဲ့ပြီး သူ့အဖေ၊အမေအပါအဝင် သူတို့ဝမ်မိသားစု တစ်စုလုံးက တန်ခိုးရှင်တစ်ယောက်ရဲ့ အမြစ်ဖျက်သုတ်သင်ခြင်းကိုခံလိုက်ရတယ်။ သူကိုယ်တိုင်လည်း သေသွားခဲ့တယ်။ ဒါပေမဲ့ သူ့စိတ်ဝိဉာဉ်ကတော့ သေဆုံးသွားခြင်းမရှိဘဲ သူနေတဲ့နိုင်ငံနဲ့ အလွန်ဝေးကွာတဲ့ နယ်မြေတစ်ခုကို ရောက်သွားပြီး နောက်တစ်ဖန်ခန္ဓာကိုယ်သစ်တစ်ခုကို ပြန်တည်ဆောက်ပြီး သူအရမ်းချစ်တဲ့ သူ့အဖေနဲ့အမေအတွက် ၊ ၊သူ့မိသားစုတစ်ခုလုံးအတွက် ပြန်လက်စားချေနိုင်ဖို့ ကျင့်ကြံခြင်းလမ်းကြောင်းကို အမုန်းတရားတွေ၊ရက်စက်မှုတွေနဲ့ ဆက်လျောက်ခဲ့တယ်။ဒီလိုနဲ့ သူ့ရဲ့ တန်ခိုးရှင်လမ်းကြောင်းက အစပြုခဲ့ပြီး သူက နောက်ဆုံး စစ်မှန်တဲ့တန်ခိုးရှင်တစ်ယောက် ဖြစ်လာမလားဆိုတာကတော့…။ ဒါက အခုလက်ရှိထိဇာတ်လမ်းတည်လာတဲ့အကြောင်းပါ။ ဥဖောက်ချင်တဲ့ လူတွေလဲ ဖောက်လို့ရအောင် အခုရောက်နေတဲ့ထိ တည်လာတဲ့ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြတာပါ။ My Opinion ကျနော့်အမြင်အရ ဒီစာစဉ်မှာ ထူးခြားတာက မင်းသားက ကျင့်ကြံဖို့ဘာပါရမီမှ မပါလာဘူး။သာမန်သေမျိုးတစ်ယောက်အနေနဲ့ဆိုရင်တော့ ဉာဏ်ရည်မဆိုးဘူး။ အခုထိ အရမ်းလည်းတော်မနေဘူး။ဒါပေမဲ့ သူနဲ့ကျင့်ကြံခြင်းအဆင့်တူထဲမှာတော့ ပြိုင်ဘက်ကင်းတယ်။ဒါကလည်း သူ့ပါရမီကြောင့်မဟုတ်ဘဲ သူ့ရဲ့အလျော့မပေးတက်တဲ့စိတ်၊ သူ့မိဘတွေရဲ့ပြန်ပြီးကလဲစားချေလိုတဲ့စိတ်၊သူ့ကံတရားက ကျင့်ကြံခြင်းနဲ့ ပတ်သတ်လို့ ကံကောင်းမှုတစ်ခုတွေ့ခဲ့လိုပဲ။ ဒီတော့ ဒီစာစဉ်မှာက ပါရမီကို တွေ့ရမှာမဟုတ်ဘဲ မထင်မှတ်တဲ့ကံတရားကြောင့် လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေပြောင်းလဲပြီး သူက ကျင့်ကြံခြင်းလမ်းကြောင်းကို အဆုံးထိဆက်လျောက်မလားဆိုတာကတော့…။ ဒီစာစဉ်မှာပါတဲ့ ကျနော်သဘောကျတဲ့ Dialogue တစ်ခုကိုလည်း အောက်မှာ ဖော်ပြလိုက်ပါတယ်။ Note: လူတစ်ယောက်က မွေးလာကတည်းက ဘယ်သူမှ ရက်စက်တက်ဖို့၊ယုတ်မာဖို့၊ရုန့်ရင်းကြမ်းတမ်းဖို့ မွေးလာခဲ့ကြတာမဟုတ်ဘူး။သူတို့ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့်သာ လူတွေက ပြောင်းလဲသွားခဲ့ရတာ။"

Read Renegade Immortal on MMwebnovel.

Read Renegade Immortal

Recommendation

Comment

Show Comments