Supreme Emperor of Swords
Read Supreme Emperor of Swords
တက္ကသိုလ်တက်တော့မည့် ကျောင်းသားလူငယ် တင်းဟောက်။ ပါတီပွဲနေ့မှာပဲ သေဆုံးသွားပြီး အဆုံးမဲ့ကုန်းမြေဟုခေါ်ဆိုသော ကျင့်ကြံခြင်းလောကဆီမှ တင်းဟောက်ဆိုသည့်ကောင်လေးတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ကူးပြောင်းရောက်ရှိလာလေသည်။ ဝိညာဉ်ချင်းပေါင်းစည်းသွား၍ ဉာဏ်ရည်နှစ်ဆဖြစ်လာသော တင်းဟောက်။ တစ်သက်လုံးလေ့ကျင့်ခဲ့ပြီး အကြိမ်ကြိမ်ကျရှုံးခဲ့ရသော အခြေခံဓါးကွက် ဆယ့်ခြောက်ကွက်အား နာရီပိုင်းအတွင်း ကျင့်ကြံအောင်မြင်သွားလေ၏။ နှစ်ဆတိုးဉာဏ်ရည်ကြောင့် သိုင်းကွက်တွေကို မြင်ရုံနဲ့ မှတ်မိလာသည်။ သို့ပေမယ့် ဓါးခရီးသည်ဂိုဏ်းရဲ့ ဝင်ခွင့်စစ်ဆေးခြင်းကို အောင်မြင်ဖို့ကတော့ သူ၏ မွေးရာပါသွေးကြောကျဉ်းရောဂါကို ကုသမှရမည်။ ထို့ကြောင့် ဓါးခရီးသည်ဂိုဏ်း၏ အမှိုက်ပုံ၊ အသူရာခြောက်နက်ကြီးထဲမှ နဂါးနှလုံးသားဆေးပင်ကို သွားခူးရင်း ချောက်ထဲပြုတ်ကျသွားလေတော့သည်။ သူ ပြန်လည်နိုးထလာချိန်မှာတော့… “ အိုး…ဒီကောင်လေးကသိပ်ခန့်ညားတာပဲ” ယောက်ျားအသံ “ သူနဲနဲရှက်နေတာပဲ။ ဒါပေမယ့် ငါတို့သူ့ကိုရွေးလိုက်တာမှန်တယ်” မိန်းမအသံ သူ၏ ဦးခေါင်းထဲတွင် ဓါးဆရာကြီးနဲ့ ဆေဘာဆရာမကြီးဆိုသော အဆင့်မြင့်မားလွန်းလှသည့် ဓါးဝိညာဉ်နှစ်ဖော် ရောက်ရှိလို့နေလေပြီ။ ရေခဲချီဖြင့် အစွန်းရောက်သော နှစ်ဖက်သွားဓါးသိုင်း၊ မီးချီဖြင့် ပေါက်ကွဲသော ဆေဘာဓါးသိုင်း။ ဆန့်ကျင်ဘက်နှစ်မျိုး တင်းဟောက်၏ ခန္ဓာတွင် ဆန်းကြယ်စွာ စုဖွဲ့ခဲ့သည်။ ရေခဲဓါးတစ်ဖက်၊ မီးလျှံဆေဘာတစ်ဖက်ဖြင့် ဓါးဧကရာဇ်၏ ခရီးကြမ်းသည်ကတော့…
Read Supreme Emperor of Swords on MMwebnovel.