Sword Breaks Nine Heavens
Read Sword Breaks Nine Heavens
သေမျိုးတို့နေထိုင်ရာလောကကြီးထဲမှာ... လူသား မျိုးနွယ်၊ နတ်ဆိုးမျိုးနွယ် ၊မိစ္ဆာသားရဲမျိုးနွယ် နဲ့ နောက်ထပ်မျိုးနွယ်စုတွေ အများကြီးရှိကြတယ်။ အာ့ထဲမှာမှ ကုန်းမြေကြီးတစ်ခု၊ ဒေသ တစ်ခု ရဲ့ နိုင်ငံငယ်လေးတစ်ခုရှိတယ်။ အာ့နိုင်ငံလေးက ကြည်လင်ကောင်းကင်နိုင်ငံဖြစ်ပြီးတော့.. ကြည်လင်ကောင်းကင် နိုင်ငံရဲ့ အဓိကမိသားစုလေးခုထဲမှ တစ်ခုမှာ ဂျီချန်ရှင်း ဟုခေါ်သည့် သခင်လေးရှိပြီး သူ့နိုင်ငံမှာ သူက နံပါတ်တစ်ပါရမီရှင် သိုင်းပညာရှင်တစ်ယောက်ဖြစ်တယ်။ တစ်နေ့မှ သူဒန်တျန်ဖြစ်ဆီးခံလိုက်ရပြီး သိုင်းပညာလေ့ကျင့်ဖို့ မဖြစ်နိုင်တော့ပဲ မြို့တော်မှာ အမိူက်တစ်ယောက်ဖြစ်သွားခဲ့တယ်။ ဒါပေမဲ ကံကြမ္မာက သူ့ကို မစွန့်လွှတ်ခဲ့ပါဘူး။ သူဒန်တျန်ပျက်ဆီးသွားတာကို ဆန်းစစ်နေတဲ့ အချိန်မှာပဲ... သူ့ခန္ဓာကိုယ်ထဲမှာ နတ်ဘုရား သချိုင်းအုတ်ဂူတွေ့ခဲ့တယ်။ အုတ်ဂူအတွင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ သင်္ချိုင်းဂူကျောက်စာ ဆယ့်ရှစ်ခုကို ဓားနဲ့ ရေးထွင်းထားတဲ့ဓားစာကျောက်တိုင်တစ်ခုလည်းရှိနေခဲ့တယ်။ အာ့ကျောက်စာတိုင်ရဲ့ ဓားရေး ကိုလေ့ကျင့်ခဲ့တယ်။ ဒါပေမဲ့ သူလေ့ကျင့်ဖို့ အရင်းအမြစ်တွေအများကြီးလိုအပ်နေခဲ့တယ်။ အာ့နောက်မှာ သူဂိုဏ်းတစ်ခုကို ရောက်သွားပြီး ဆေးလုံးဖော်စပ်တာတွေ။ အစီအရင် အခင်းအကျင်း ဖွဲ့စည်းတဲ့ ပညာတွေ သင်ယူခဲ့ပါတယ်။ ကလက်စားချေဖို့ပဲတွေးနေပြီး ကလက်စားချေနိုင်ပြီးတဲ့နောက်မှာ ဘယ်လိုအစွမ်းထက် ရန်သူတွေ ထပ်တွေ့ပြီး သိုင်းပညာလမ်းစဉ်ကို လျှောက်လှမ်းဖို့ ဘယ်လို စွန့်စားခန်းတွေဖွင့်မလဲဆိုတာ တွေ့ရမှာပါ။
Read Sword Breaks Nine Heavens on MMwebnovel.