Global Notification

List your novels here!

The World Online
Bookmark
8.0

The World Online

Read The World Online

ဘာသာပြန်သူ၏အမြင် _ ဒီစာစဉ်က တခြား ရှန်းရှတွေနဲ့ မတူဘဲ Kingdom Building Game Story တစ်ပုဒ်ပါ။ ပုံမှန် ရှန်းရှ စာစဉ်တွေနဲ့ မတူဘဲ သတ်မယ်ဖြတ်မယ် ဆိုတာထက် ဉာဏ်ကိုလွှာသုံးပြီး ပါးပါးလှီးမယ့် ဇာတ်လမ်းမျိုးပါ။ တခြား စာစဉ်တွေနဲ့ မတူတာက သိုင်းပညာ ဘာညာ ဟိုစွမ်းအား ဒီစွမ်းအား ဆိုတာထက် လက်ရှိ နိုင်ငံရေး လူမှုရေး အခြေအနေတွေကို မီးမောင်းထိုးပြထားပါတယ်။ စစ်ရေးပရိယာယ် နိုင်ငံရေးပရိယာယ် စီးပွားရေးပရိယာယ် လူမှုရေးပရိယာယ် စတဲ့ အခြေအနေ မျိုးစုံ၊ ဗျူဟာမျိုးစုံ နဲ့ ကွက်ကျော်ရိုက်မှုတွေကို မြင်တွေ့ရမှာပါ။ သေချာဖတ်ကြည့်မယ်ဆိုရင် နိုင်ငံရေးကစားကွက် တွေကို မြင်ရမှာပါ။ ပြောရရင် တိုင်းပြည်တစ်ပြည် နိုင်ငံတစ်နိုင်ငံကို ဘယ်လို ထူထောင်မလဲ....? နိုင်ငံရေး အပြောင်းအလဲ ဘယ်လိုတွေ ဖြစ်လာနိုင်မလဲ...? ဌာနတွေကို ဘယ်လို အကျိုးကျိုး ရှိရှိ ကိုင်တွယ်မလဲ..? လက်အောက်ဝန်ထမ်း တွေကို ဘယ်လိုအုပ်ချုပ်မလဲ...? အတွေး အမြင်သစ်တွေ ရစေနိုင်မယ်လို့ မြင်ပါတယ်။ ဇတ်လမ်းအကျဉ်း _ 2190ခုနှစ်မှာတော့ Earth Online ဆိုသော MMORPG ဂိမ်းက ခေတ်စားလာခဲ့ပြီး လူတွေဟာဂိမ်းကစားရင်းနဲ့ပဲ အချိန်တွေကုန်ဆုံးလာခဲ့တယ်။ ဂိမ်းထဲမှ ကမ္ဘာကြီးဟာ လက်တွေ့ကမ္ဘာကြီးထက် ဆယ်ဆခန့်ပိုမိုကြီးမားပြီး ကစားသူတွေဟာ ထိပ်ဆုံးသို့ ရောက်ရှိရန်အတွက် ထူးခြားတဲ့ စွန့်စားခန်းတွေ၊ နယ်မြေတွေ တည်ထောင်ခြင်းတွေနဲ့ စစ်ပွဲများတိုက်ခိုက်ခြင်းတွေကို လုပ်ဆောင်ကြရပါတယ်။ ဂိမ်းထဲမှာ သေဆုံးသွားမယ်ဆိုရင်တော့ ကိုယ့်ရဲ့Level က ကျဆင်းသွားပြီး သုညကိုပြန်ရောက်သွားပါမယ်။ အိုးရန်ရှို ဟာ Levelမြင့် ကစားသမားတစ်ယောက်ဖြစ်ပြီး အဆုံးသတ်မှာတော့ သစ္စာဖောက်ခံခဲ့ရတယ်။ လက်နက်ပစ္စည်း တစ်ခုအတွက်နဲ့ သူ့ရဲ့ သွေးသောက်ညီနောင်က နောက်ကျောကို ဓားနဲ့ထိုးပြီး လုပ်ကြံတာ ခံခဲ့ရတယ်။ သူကဂိမ်းကို နောက်တစ်ကြိမ်ပြန်ဆော့ပြီး လက်စားပြန်ချေမယ်လို့ ကျိန်ဆိုခဲ့ပါတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပြီး သစ္စာအဖောက်မခံရခင် လွန်ခဲ့သောငါးနှစ်က Earth Online ဂိမ်းစတင်သည့် အချိန်သို့ပြန်လည်ရောက်ရှိသွားခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ အရင်ဘဝက အတွေ့အကြုံတွေ အသုံးပြု ပြီး စွန့်စားခန်းတွေပြုလုပ်ကာ မတူညီသောလမ်းကို လျှောက်လှမ်းခဲ့ပါတော့တယ်။ စွန့်စားခန်းတွေကို ဘယ်လိုမျိုး အောင်မြင်အောင်ပြုလုပ်မလဲ....? ဘယ်လိုမျိုး အန္တရာယ်တွေကြုံတွေ့ရမလဲ.....? သူ့ရဲ့နယ်မြေကို ဘယ်လိုမျိုးပြန်ထူထောင်မလဲ....? သူ့ရဲ့ အရင်ဘဝက အတွေ့အကြုံတွေကို အသုံးပြု ပြီး အန္တရာယ်တွေကို ဖြတ်သန်းကာ ထိပ်ဆုံးကို ပြန်ရောက်နိုင်မှာလား ဆိုတာတော့........

Read The World Online on MMwebnovel.

Warning, the series titled "The World Online" may contain violence, blood or sexual content that is not appropriate for minors.

Read The World Online

Recommendation

Comment

Show Comments